Study

စကားထာ

  •   0%
  •  0     0     0

  • သူ့ပင်စည်ကမြွေပွေးပြောက်၊သူ့အသီးကပြည်တောင်းလောက်။
    သဘော်သီး
  • နတ်သမီးသောက်ရေကန်တံတိုင်းသုံးထပ်ရံ။
    အုန်းသီး
  • အကွက်အကွက်၊တို့အမေရက်တဲ့သိုးသဘက်။
    နာနတ်သီး
  • သူ့ကိုရိုက်တော့ချာချာလည်၊ကြိုးကိုဆွဲပြီးငိုရှာတယ်
    ကြေးစည်
  • ဆယ့်ခြောက်ပြည်ထောင်ပိုင်ဆိုး၊မင်းဆိုးငဲ့ရာဇာရှေးကုသိုလ်ကံမကောင်းတာကြောင့်ခေါင်းခါးလက်မပါ။
    ၁၆ပြည်ဆန့်တင်း၊ပြည်တောင်း။
  • အပင်နွဲ့နှောင်း၊အသီးဖောင်းဖောင်းစားမကောင်း။
    ဆံပင်နှင့်သန်း
  • ချောင်းငယ်ကောက်ကောက်၊ရေလည်နောက်နောက်။
    ကျောက်ပျဥ်
  • လေးထောင့်စပ်စပ်၊သူ့မျက်နှာငါ့မှာကပ်။
    မှန်
  • နွားမတစ်ရာရေဆင်းလာခြေရာလည်းပျောက်ရေလည်းနောက်။
    ဆန်ဆေးရည်
  • အမြင်နီး၍ခရီးဝေး။
    တောင်
  • သွားတော့ခွေခွေ၊နေတော့စင်းစင်း
    ခေါင်းခု
  • ဖူးကနဲထောင်၊ဖောင်းကနဲလဲ၊ရဲရဲနဲ့တွဲလဲဆွဲ။
    ငှက်ပျောဖူး
  • နတ်သမီးအိမ်တိုင်သူခိုးမတတ်နိုင်။
    ငှက်ပျောပင်
  • သူ့အပင်ကတစ်ရုံကြီး၊သူ့အသီးကတစ်လုံးတည်း။
    ဆံပင်နှင့်ဆံထုံး
  • မဖွတ်ပဲဖြူသည့်နတ်ပုဆိုး၊မခပ်ပဲပည့်သည့်နတ်ရေအိုး။
    အုန်းသီး
  • ငုတ်ချည်ပေါ်ချည်သူ့ဖင်ကိုကြိုးနဲ့ချည်။
    အပ်နဲ့အပ်ချည်
  • တို့နွားတစ်ကောင်ဘို့ကတစ်ထောင်။
    ကြက်ဟင်းခါးသီး
  • ကန်ထဲမှာရေ၊ရေထဲမှာမြွေ၊မြွေခေါင်းမှာရွှေ။
    မီးခွက်
  • နှစ်ယောက်တစ်တွဲနေ့မှာခွဲ၊ညဘက်ကျလျှင်ပြန်ပေါင်း​ချင်။
    တံခါး
  • ခြေရှစ်ချောင်းခေါင်းဘယ်ညာ၊အမြှီးခါးလည်မှာ။
    ချိန်ခွင်