Study

အခန်း (၈) အမ် အမ့် အ ...

  •   0%
  •  0     0     0

  • အဲ့နေရာမှာ ကားတွေ၊ လူတွေ ၊ အခြား စီးစရာတွေ လာဆုံကြတယ်။ မီးပွိုင့် ရှိတယ်။ အဲ့တာ ဘယ်နေရာ လဲ။
    လမ်းဆုံ
  • သူ့အပေါ်မှာ ကားတွေ၊ ရထားတွေ၊ လူတွေ အများကြီး ရှိတယ်။ တစ်နေရာ နဲ့ တစ်နေရာ ကို ဆက်သွယ်ထားတယ်။
    လမ်း
  • မောင်နှမ တွေပဲ ဒါပေမဲ့ အဖေ၊ အမေ မတူကြဘူး။ ကိုယ့်ရဲ့ ဦးလေး၊ အဒေါ် တွေက မွေးတဲ့ သူတွေကို ဘယ်လိုခေါ်မလဲ။
    ဝမ်းကွဲ
  • သူက အမှုန့်လေးတွေ။ အရောင်က ခဲ ရောင် ရှိတယ်။ သူ့ကို သုံးရင် မီးရတယ်။
    ယမ်း
  • လမ်းတော့ လမ်းပဲ။ သူက သေးတယ်။ အမှိုက်တွေ ရှိတတ်တယ်။ အဲ့တာ ဘာလမ်းလဲ။
    လမ်းကြား
  • သူက တောထဲမှာ ရှိတယ်။ ရေတစ်မျိုးပဲ။ စမ်းချောင်းကနေရတယ်။ အဲ့တာ ဘာရေလဲ။
    စမ်း ရေ
  • သူက လူ။ ပစ္စည်းတွေ ထမ်းပေးတယ်။ သူက ဘယ်သူလဲ။
    အထမ်းသမား
  • သူက နေရာ။ မြေ တဝက် ၊ ကုန်း တဝက် ရှိတယ်။ ရေချိုး၊ အဝတ်လျှော်၊ အပန်းဖြေလို့ရတဲ့ နေရာ တစ်ခု။
    ကမ်း ပါး
  • နေရာတိုင်းမှာ သူရှိတယ်။ သူနဲ့ အတူ မနေရင် အရေးယူ ခံရတယ်။ သူက ဘယ်သူလဲ။
    စည်း ကမ်း
  • လူတွေ ပျော်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါမျိုး မှာ သူ့ကို လုပ်ကြတယ်။ လူတွေ အများကြီး လာကြတယ်။ အဲ့ဒါ ဘာလဲ
    အခမ်း အနား
  • ခရီးအဝေးကြီး သွားတဲ့အခါ သူ့ကို အသုံးပြုရတယ်။ ခရီးသွားကား အများဆုံး အသုံးပြုတဲ့ လမ်းကို ဘာလို့ ခေါ်လဲ။
    အမြန်လမ်း
  • လမ်းမှာ သွားလာနေတဲ့ သူတွေကို ခေါ်တဲ့ အသုံးအနှုန်း ဖြစ်တယ်။ အဲ့တာ ဘာလဲ။
    လမ်း သွား လမ်း လာ