Study

နာမ်ပစ္စည်း

  •   0%
  •  0     0     0

  • ခေါ်ထူးရာတွင် အသုံးပြုသောပစ္စည်းကို--------ဟုခေါ်သည်။
    အာလုပ်ပစ္စည်း
  • အစဉ်ပြပစ္စည်းနောက်ဆက် သာဓက
    မြောက်
  • ရူပကပစ္စည်း သာဓက
    တည်းဟူသော၊ ဟူသော
  • အကြိမ်ပြပစ္စည်း
    အရေအတွက်၊ အကြိမ်အခါကိုပြသောနောက်ဆက်ကို အကြိမ်ပြပစ္စည်းနောက်ဆက်ဟု ခေါ်သည်။
  • တိုင်း၊ တကာ၊ အ သည် ------- ပစ္စည်းများဖြစ်သည်။
    အားလုံးပျံ့နှံမှုပြပစ္စည်း
  • သင်္ချာလေးနက် ပစ္စည်းနောက်ဆက်
    အရေအတွက်ကို အတိအကျပြခြင်းဖြင့် လေးနက်စေသော နောက်ဆက်ကို ခေါ်သည်။
  • အမျိုးအစားတူညီသော အရာအားလုံးကို ပျံ့နှံစေရန် တစ်ကြိမ်တည်းဖြစ်စေ၊ ခွန်းချင်းထပ် ၂ ကြိမ်ဖြစ်စေ ပြောဆိုသောပစ္စည်းကို ---------- ဟုခေါ်သည်။
    အားလုံးပျံ့နှံမှုပြပစ္စည်း
  • ကောင်၊ ခု ၊ယောက်သည် ------ ပစ္စည်းနောက်ဆက်များဖြစ်သည်။
    မျိုးပြပစ္စည်း
  • မျိုးပြပစ္စည်း
    သက်ရှိသက်မဲ့နာမ်တို့၏ အမျိုးအစား၊ပုံသဏ္ဍာန်၊အတိုင်းအတာပမာဏတို့ကို ပြသော ပစ္စည်းဖြစ်သည်။
  • ဥပမာပစ္စည်း
    ဥပမာပေးရာ၌ အသုံးပြုသော ပစ္စည်းဖြစ်သည်။
  • ပမာဏပြပစ္စည်း နောက်ဆက်
    အရေအတွက်ကို ခန့်မှန်းပြခြင်းဖြင့် လေးနက်စေသော နောက်ဆက်ကို ပမာဏပြပစ္စည်း နောက်ဆက်ဟုခေါ်သည်။
  • အစဉ်ပြပစ္စည်းနောက်ဆက်
    အစဉ်ကိုပြသော နောက်ဆက်ကို အစဉ်ပြပစ္စည်းနောက်ဆက်ဟုခေါ်သည်။
  • ကိန်းညွှန်းပစ္စည်းနောက်ဆက်
    နာမ်၊ နာမ်စားတို၏ အရေအတွက်တစ်ခုထက်ပိုကြောင်းကို ညွှန်ပြသောပစ္စည်းကို ခေါ်သည်။
  • သင်္ချာလေးနက်ပစ္စည်း၏ သာဓက ၂ -ခု
    တိတိ၊ ကျ၊ ကျစီ၊ စီ၊ တည်း၊ စလုံး၊လျှင်
  • အကြိမ်ပြပစ္စည်း၏ သာဓက ၁-ခု
    ကြိမ်၊ခါ၊ ခေါက်
  • ပမာဏပြပစ္စည်းနောက်ဆက် သာဓက
    ကျော်၊ ခန့်၊ လောက်
  • နာမ်ထောက်စ္စည်း
    နာမ်၊ နာမ်စားတို၏အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့သော ပစ္စည်း ကို နာမ်ထောက်စ္စည်းဟုခေါ်သည်။