Study

ထိပ်ဆုံးသို့

  •   0%
  •  0     0     0

  • မိုးအုံ့လာသဖြင့် နေ ---------- ထားသော သရက်သီးခြောက်များကို သိမ်းလိုက်သည်။ (လှန်း၊ လှမ်း)
    လှန်း
  • အခက်အခဲများနှင့်ကြုံလာလျှင် ____________ မကျသင့်ပါ။ ( စိတ်ဓာတ်၊ စိတ်ဓတ်)
    စိတ်ဓာတ်
  • လေတိုက်၍ ကြွေသော သရက်သီးများကို ကောက်ကာ အပင် ----------- ခံ၍ အမေက စိတ်ပေးပါသည်။ (ပမ်း၊ ပန်း)
    ပန်း
  • ထိပ်ဆုံးသို့ကဗျာသည် လေးချိုးကဗျာ အမျိုးအစားဖြစ်သည်။
    မှန်
  • စာလုံးပေါင်းသတ်ပုံအမှန်ရွေးပါ။ (က) စိတ်လျော့ (ခ) စိတ်လျှော့
    (ခ) စိတ်လျှော့
  • သရက်သီးခြောက်များကို သိမ်း၍ ညီမလေးအား ----------- ပေးလိုက်သည်။ (လှန်း၊ လှမ်း)
    လှမ်း
  • သူရသည် စာ ____________ သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ (ကြိုးစား၊ ကျိုးစား)
    ကြိုးစား
  • ဖန်ဖန်လေ ____________ လို့ရယ် ကြိုးလျှောက်ရပြန်။ (အားအင်နိုး၊ အားအင်နှိုး)
    အားအင်နှိုး
  • စာလုံးပေါင်းသတ်ပုံအမှန်ရွေးပါ။ (က) ပတ်ခြံရံ (ခ) ပတ်ခြံရန်
    (က) ပတ်ခြံရံ
  • လိပ်သည် ____________ သို့ရှေးဦးစွာ ရောက်နှင့်နေသည်။ (ပမ်းတိုင်၊ ပန်းတိုင်)
    ပန်းတိုင်
  • အတတ်ပညာများကို _____________ အောင်သင်ယူကြရမည်။ (ဆုံးခမ်းတိုင်၊ ဆုံးခန်းတိုင်)
    ဆုံးခန်းတိုင်
  • တစ်တောင်ပေါ် တစ်တောင်ဆင့် တောင်အမြင့် _____________ ။ (ပတ်ခြံရံ၊ ပတ်ခြံရန်)
    ပတ်ခြံရံ
  • ထိပ်ဆုံးသို့ ကဗျာကို နုယဉ်ရေးခဲ့သည်။
    မှား
  • ကိုကိုသည် တစ်နေကုန် အလုပ်လုပ်ရသောကြောင့် ____________ နေပါသည်။ (ပင်ပန်း၊ ပင်ပမ်း)
    ပင်ပန်း
  • “ထိပ်ဆုံးသို့” ကဗျာသည် ဘဝ ____________ စိတ်ခွန်အားကိုပေးသော ကဗျာ တစ်ပုဒ်ဖြစ်သည်။ (အားမန်၊ အားမာန်)
    အားမာန်
  • အလုပ်တစ်ခုကိုလုပ်ရာ၌ အခက်အခဲနှင့်ကြုံတွေ့ပါက ရှေ့ဆက်မကြိုးစားဘဲ အားလျှော့ကာ ____________ လျှင် အောင်မြင်မှုမရနိုင်ပါ။ (နောက်ဆုတ်၊ နောက်ဆုပ်)
    နောက်ဆုတ်
  • မောင်လူအေးသည် သွက်လက်သော____________ များနှင့် အိမ်သို့ပြန်လာနေပါ သည်။ (ခြေလှန်း၊ ခြေလှမ်း)
    ခြေလှမ်း
  • အောင်မြင်မှုကို အလွယ်တကူရနိုင်ပါသည်။
    မှား
  • မိမိလိုချင်သောပန်းတိုင်သို့ရောက်အောင် တစ်ဆင့်ချင်း ကြိုးစားရမည်။
    မှန်
  • သရက်သီးခြောက်များကို မိုးတွင်းအခါစားနိုင်ရန် ကြိုး ----------- နေရသည်။ (ပန်း၊ ပမ်း)
    ပမ်း