Study

Sec 3 - ပြီးအောင်လုပ်  ...

  •   0%
  •  0     0     0

  • ဘဝနှင့်အလှ ကဗျာကို ------------- ကရေးခဲ့သည်။
    မောင်စွမ်းရည်
  • မက္ခရာမင်းသားကြီး၏ မိဘများမှာ -----------
    ဗဒုံမင်းတရားကြီးနှင့် သီရိမဟာရတနာဒေဝီ
  • သတ်ပုံအမှန်ကိုရွေးပါ။ ( တစ်ကုဋေ ,၊ တကုဋေ)
    တစ်ကုဋေ
  • ပြီးအောင်လုပ် စကားပြေ၏ ရည်ရွယ်ချက်မှာ -----------
    ကြီးပွားခြင်း အခြေခံကို သိရှိစေရန်။
  • ဘဝနှင့်အလှ ကဗျာအမျိုးအစားမှာ ---------------
    လင်္ကာ
  • ခံယူ ဟူသောဝေါဟာရ၏ အဓိပ္ပာယ် .................
    ကျလာသည်ကို ရယူသည်။ သဘောပေါက်ပြီး ယုံကြည်လက်ခံသည်။
  • အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲသည် ----------- လက်ထက်၌ ဖြစ်ပွားခဲ့သည်။
    ဘကြီးတော်ဘုရား
  • ပီတိ ဟူသောဝေါဟာရ ၏ အဓိပ္ပာယ်.................
    နှစ်သက်ခြင်း
  • သပ္ပါယ ဟူသောဝေါဟာရ၏ အဓိပ္ပာယ်
    သင့်လျော်လျောက်ပတ်ခြင်း
  • ပြီးအောင်လုပ် စကားပြေသည် ---------------- ခေတ်တွင် ရေးခဲ့သည်။
    ၂၀ ရာစု
  • ပြီးအောင်လုပ်စကားပြေတွင် အလုပ်ကို မည်ကဲ့သို့လုပ်ဆောင်ရမည်ဟု လမ်းညွှန်ထားသနည်း။
    စေ့စပ်သေချာစွာ ပြီးပြတ်အောင်
  • တိုးတက် ဟူသော ဝေါဟာရ၏ အဓိပ္ပာယ် -------------
    ပွားများလာသည်၊ စည်ပင်ထွန်းကားလာသည်။
  • ဘဝနှင့်အလှကဗျာ၏ ရည်ရွယ်ချက် --------------
    ဘဝကို အကျိုးရှိစွာ အသုံးချပါက တန်ဖိုးမဖြတ်နိုင်ကြောင်းသိရှိစေရန်။
  • ပေးထားသော စာပိုဒ်မှ ကာရန်တူ စကားလုံးကိုရွေးပါ။ " မြင်မြင်သမျှ ဤလောကဝယ် ။ အလှတို့ဖြင့် ခြယ်သဖြင့်လည်း"။
    မျှ - က ၊ ဖြင့် - ဖြင့်
  • မမင် ဟူသောဝေါဟာရ၏ အဓိပ္ပာယ် ...........
    မတွယ်တာ ၊ မစုံမက်။
  • လက်မွန် ဟူသော ဝေါဟာရအဓိပ္ပာယ် ................
    ရှေးဦးရှေးဖျား
  • ကြီးပွား ဟူသောဝေါဟာရ၏ အဓိပ္ပာယ်
    အခြေအနေတိုးတက်သော ၊ ကောင်းစားသော
  • သေနာပတိ ဟူသောဝေါဟာရ၏ အဓိပ္ပာယ်
    စစ်သူကြီး
  • သတ်ပုံအမှန်ကိုရွေးပါ။ ( မှုုးမတ် ၊ မူးမတ်)
    မှုုးမတ်
  • ပေးထားသော စာပိုဒ်မှ ကာရန်တူ စကားလုံးကိုရွေးပါ။ "မြင်ခွင့်ရှိမှ ၊ မြင်ခွင့်ရသည်"၊ " အလှဟူငြား မြင်သည်ထားဦး"။
    မှ - ရ ၊ ငြား-ထား
  • ဘဝနှင့်အလှကဗျာကို မည်သည့်ခေတ်တွင် ရေးခဲ့သနည်း။
    ၂၀ ရာစု
  • ပေါက်ရောက် ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ -------------
    နှံ့စပ်ဝင်ဆံ့သည်၊ ခရီးတွင်သည်။
  • မက္ခရာမင်းသားကြီးသည် ------------- ၏ မြေးတော်ဖြစ်သည်။
    အလောင်းမင်းတရားကြီး
  • မက္ခရာမင်းသားကြီး စကားပြေကို ------------ ကရေးခဲ့သည်။
    ဇေယျ