Study

Grade 4 Math

  •   0%
  •  0     0     0

  • စက်ဝိုင်းတစ်ခုတွင် ၉၀° ဘယ်နှကြိမ်ပါဝင်သလဲ။
    ၄ကြိမ်
  • ခန်းမ တစ်ခုတွင် ခုံ ၄၈၇ ခုံရှိသည်။ တစ်တန်းလျှင် ၁၆ ခုံစီလိုလျှင် အတန်းမည်မျှ ရမည်နည်း။
    ၃၁ တန်း
  • အနားမညီ ကျင်တွယ်တစ်ခု အတွင်းရှိ ထောင့်များကိုဖော်ပြပါ။
    ၃၀,၆၀,၉၀
  • ရောင်စုံစာရွက် ၄၁၀၀ ရွက်ကို ကလေးများအားဝေပေးသည်။ ကလေးတစ်ယောက်လျှင် ၁၉ ရွက်ရလျှင် ကလေးမည်မျှကို ဝေနိုင်နိုင်သနည်း။ စာရွက်မည်မျှကျန်သနည်း။
    ကလေး ၂၁၅ ယောက်ကို‌ေဝနိုင်ပြီး ၁၅ရွက်ကျန်သည်။။
  • နီးရာထောင်ပြည့်ကိန်း ၇၀၀၀ ရစေမည့် အငယ်ဆုံးကိန်း နှင့် အကြီးဆုံးကိန်း ကိုရှာပါ။
    အငယ်ဆုံးကိန်း = ၆၅၀၀ , အကြီးဆုံးကိန်း = ၇၄၉၉
  • ပုံတွင် သင်္ကေတ ပြထားသော ထောင့်ပမာဏကိုဖော်ပြပါ။
    ၇၂°
  • ၇၂၀၀ စက္ကန့်တွင် တွင် မိနစ်မည်မျှရှိသနည်း။ နာရီဖြင့်ဖော်ပြပါ။
    ၂နာရီ
  • ၂၅၈° ရှိသော ထောင့်ကို ဆွဲလိုလျှင် ဒီဂရီ မည်မျှကို ထောင့်တိုင်းစက်ဝိုင်းခြမ်းဖြင့်တိုင်းတာရမည်နည်း။
    ၁၀၂°
  • ၆၅ - ၃၇.၈ ကိုဖြေရှင်းပါ။
    ၂၇.၂
  • ရေအိုးထဲတွင် ရေ ၁၂လီတာထည့်ထားသည်။ ရေ ၁.၅ လီတာကို ထပ်ထည့်လိုက်ပြီး ၃.၆ လီတာကို ခပ်ထုတ်လိုက်ပါက ရေအိုးထဲတွင်ရေမည်မျှ ရှ‌ိမည်နည်း။
    ၉.၉ လီတာ
  • ကိန်းနှစ်ခု ပေါင်းလဒ်သည် ၇၆.၃ ဖြစ်သည်။ ကိန်းတစ်ခုသည် ၃၇.၈ ဖြစ်လျှင် ကျန်ကိန်းကို ရှာပါ။
    ၃၈.၅
  • ၄၅၀ ÷ ၉၀ = _____ ÷ ၃၀ = _______ ( ပေးထားသော ညီမျှခြင်း၏ ကွက်လပ်များကိုဖြည့်ပါ။)
    ၁၅၀ , ၅
  • ၈၀၄၇၆၈ ကိုနီးရာ သောင်းပြည့်ကိန်းသို့ ခန့်မှန်းပါ။
    ၈၀၀၀၀၀ ခန့်