Study

ဗျိုင်း၊ ငါးနှင့� ...

  •   0%
  •  0     0     0

  • သဘောတူကြည်ဖြူမှုမရှိ = (ငြိုငြင် (or) စွတ် (or) အလွဲသုံစား)
    ငြိုငြင်
  • ရက်ပေါင်းများစွာ မိုးမရွာဘဲရှိသည် = (ခန်းခြောက် (or) မိုးခေါင် (or) စွတ်)
    မိုးခေါင်
  • ခြေနှစ်ချောင်းအစုံလိုက်ထောက်၍ ခုန်ကာ = (ချီ (or) ဖြားယောင်း (or) ခုန်ဆွခုန်ဆွ)
    ခုန်ဆွခုန်ဆွ
  • သက်တောင့်သက်သာရှိသည် = (ဟန်ကျ (or) နေပျော် (or) ဝန်လေး)
    နေပျော်
  • ရွေးချယ်စရာမရှိ၊ မလွှဲသာ၍ = (ဝန်လေး (or) ကလဲ့စားချေ (or) မတတ်သာ)
    မတတ်သာ
  • လုပ်ပေးရန် အလေးအနက်ပြောသည်။ = (အယုံသွင်း (or) တောင်းဆို (or) မေတ္တာရပ်ခံ)
    တောင်းဆို
  • ယုံအောင်ပြောသည် = (ကိုယ်ကျိုးစွန့် (or) အယုံသွင်း (or) အာမခံ)
    အယုံသွင်း
  • သူများကောင်းကျိုးလိုလားသောစိတ် = (ကိုယ်ကျိုးစွန့် (or) စေတနာ (or) မေတ္တာရပ်ခံ)
    စေတနာ
  • ကတိပေးသည် = (မေတ္တာရပ်ခံ (or) အာမခံ (or) အယုံသွင်း)
    အာမခံ
  • လွယ်ကူသက်သာသည် = (ချောင် (or) ဝန်လေး (or) နေပျော်)
    ချောင်
  • သူတစ်ပါး၏ပုံစံအတိုင်း လိုက်လုပ်သည် = ( အတုယူ (or) လက်ဦးမှုယူ (or) အခွင့်ကောင်းယူ)
    အတုယူ
  • ယုံကြည်မှုအတွက် အဆုံးရှုံးခံသည် = (ကလဲ့စားချေ (or) ကိုယ်ကျိုးစွန့် (or) စတေး)
    စတေး
  • စဉ်းစားဆင်ခြင်မှုမရှိဘဲ = (စွတ် (or) စတေး (or) အတုယူ)
    စွတ်
  • ဟန်ပန်အမူအရာပိရိသေသပ်စွာ = (ဟန်ကျ (or) မင်သေသေ (or) အယုံသွင်း)
    မင်သေသေ
  • သူတစ်ပါးမသိအောင် တိတ်တဆိတ် = (လက်ဦးမှုယူ (or) ကလဲ့စားချေ (or) ကျိတ်)
    ကျိတ်
  • စွန့်ခွာသည် = (ကျိတ် (or) ပစ် (or) စွတ်)
    ပစ်
  • လေ့ရှိသော = (နေကျ (or) ကျိတ် (or) ဟန်ကျ)
    နေကျ
  • ကိုယ့်ဘက်ပါအောင်ဆွဲဆောင်သည် = (တောင်းဆို (or) ဖြားယောင်း (or) မေတ္တာရပ်ခံ)
    ဖြားယောင်း
  • ခဏခဏမြင်ပြီး သိနေသည် = (ဟန်ကျ (or) မျက်မှန်းတန်း (or) မြှူဆွယ်)
    မျက်မှန်းတန်း
  • ခင်မင်သည် = (စေတနာ (or) အခွင့်ကောင်းယူ (or) ရင်းနှီး)
    ရင်းနှီး
  • တက်ကြွပျော်ရွှင်သည် = (ခုန်ဆွခုန်ဆွ (or) ပျော်မြူး (or) နေပျော်)
    ပျော်မြူး
  • အချိန်နှင့် အခြေအနေကို လိုက်၍ အကျိုးအမြတ်ရရန် အားထုတ်သည် = (အလွဲသုံးစား (or) ကိုယ်ကျိုးရှာ (or) အခွင့်ကောင်းယူ)
    အခွင့်ကောင်းယူ
  • မနီးလွန်းမဝေးလွန်းသော အကွာအဝေး = (ချီ (or) ချောင် (or) မလှမ်းမကမ်း)
    မလှမ်းမကမ်း
  • ငွေမယူဘဲ = (စေတနာ (or) အလွဲသုံးစား (or) အခမဲ့)
    အခမဲ့
  • အပူရှိန်ကြောင့် ရေဓာတ်ကုန်သည် = (ခန်းခြောက် (or) မိုးခေါင် (or) မင်သေသေ)
    ခန်းခြောက်
  • မိမိအကျိုးသီးသန့်အတွက်ရှာဖွေသည် = (အခွင့်ကောင်းယူ (or) အလွဲသုံးစား (or) ကိုယ်ကျိုးရှာ)
    ကိုယ်ကျိုးရှာ
  • သူတစ်ပါးအတွက် မိမိကောင်းကျိုးကို စွန့်လွှတ်သည် = ( အတုယူ (or) ကိုယ်ကျိုးစွန့် (or) အခွင့်ကောင်းယူ)
    ကိုယ်ကျိုးစွန့်
  • သူတစ်ပါးထက်အရင်လုပ်သည် = (လက်ဦးမှုယူ (or) ကလဲ့စားချေ (or) စတေး)
    လက်ဦးမှုယူ
  • ကြီးမားခက်ခဲသည် = ( ဝန်လေး (or) စတေး (or) ကိုယ်ကျိုးစွန့်)
    ဝန်လေး
  • မေတ္တာအရင်းခံ၍ တောင်းဆိုသည် = (အယုံသွင်း (or) စေတနာ (or) မေတ္တာရပ်ခံ)
    မေတ္တာရပ်ခံ
  • အသက်မွေးမှုတစ်ခုခုကို လုပ်ကိုင်သည် = (ငြိုငြင် (or) အာမခံ (or) ဝမ်းကျောင်း)
    ဝမ်းကျောင်း
  • မိမိအပေါ် မကောင်းပြုသောသူကို မိမိကပြန်၍ မကောင်းပြုသည် = ( အတုယူ (or) လက်ဦးမှုယူ (or) ကလဲ့စားချေ))
    ကလဲ့စားချေ
  • ခွင့်ပြုချက်မရှိဘဲ၊ မသုံးသင့်ဘဲ သုံးခြင်း = (အခွင့်ကောင်းယူ (or) အလွဲသုံးစား (or) ကိုယ်ကျိုးရှာ)
    အလွဲသုံးစား
  • အကျိုးဖြစ်ထွန်းအဆင်ပြေသည် = (နေကျ (or) အခွင့်ကောင်းယူ (or) ဟန်ကျ)
    ဟန်ကျ