Study

ဆန့်ကျင်ဘက် စကား� ...

  •   0%
  •  0     0     0

  • လှန်းထားတဲ့ အဝတ်တွေ ခြောက်ပြီ။
    လှန်းထားတဲ့ အဝတ်တွေ စိုနေသေးတယ်။
  • ဒီအိမ်က ကြီးတယ်။
    ဒီအိမ်က သေးတယ်။
  • မီးဖိုချောင်ထဲမှာ သန့်ရှင်းနေတာပဲ။
    မီးဖိုချောင်ထဲမှာ ညစ်ပတ်နေတာပဲ။
  • ဒီလမ်းက ကျဉ်းတယ်။
    ဒီလမ်းက ကျယ်တယ်။
  • ဒီအင်္ကျီက ဟောင်းနေပြီ။
    ဒီအင်္ကျီက သစ်သေးတယ်။
  • ကိုကိုက အရပ်ရှည်တယ်။
    ကိုကိုက အရပ်ပုတယ်။
  • ကျွန်တော်က စာရေးတာ မြန်တယ်။
    ကျွန်တော်က စာရေးတာ နှေးတယ်။
  • ဒီခဲတံက တိုတယ်။
    ဒီခဲတံက ရှည်တယ်။
  • ဆရာမချိုက ဝတယ်။
    ဆရာမချိုက ပိန်တယ်။
  • မြန်မာစာက လွယ်တယ်။
    မြန်မာစာက ခက်တယ်။
  • ဘီလ်ဂိတ်က ဆင်းရဲတယ်။
    ဘီလ်ဂိတ်က ချမ်းသာတယ်။
  • ဆရာမ အသံက ကျယ်တယ်။
    ဆရာမ အသံက တိုးတယ်။
  • ဒီအိတ်က လေးတယ်။
    ဒီအိတ်က ပေါ့တယ်။
  • ဒီနေ့ မိုးအေးတယ်။
    ဒီနေ့ နေပူတယ်။
  • ဒီဟင်းက ဆားပေါ့တယ်။
    ဒီဟင်းက ဆားငန်တယ်။