Study

ကွက်လပ်ဖြည့်ပါ။

  •   0%
  •  0     0     0

  • ကျွန်တော်သည် ဆရာမ ပေးလိုက်သော ..............မပြီးသေး၍ စိတ်ပူနေသည်။
    အိမ်စာ
  • တစ်နေ့လုံး မီးပျက်နေသောကြောင့် ................ထဲမှ အအေးဘူးက မအေးနေပါ။
    ရေခဲသေတ္တာ
  • ဘိုးဘိုးက ကျွန်တော် မုန့်ဝယ်စားရန် ................ငါးထောင်ပေးသည်။
    မုန့်ဖိုး/ပိုက်ဆံ
  • မြန်မာလူမျိုးများနှင့် တွေ့လျှင် ............ဟု နှုတ်ဆက်နိုင်သည်။
    မင်္ဂလာပါ
  • မမသည် အမှိုက်ကို ..............ထဲ မထည့်သောကြောင့် အဆူခံရသည်။
    အမှိုက်ပုံး
  • ကျွန်မသည် ညအိပ်လျှင် .............ခြုံ၍ အိပ်လေ့ရှိပါသည်။
    စောင်
  • ဖေဖေသည် ကျွန်တော်တို့ .............ထဲတွင် အသက် အကြီးဆုံးဖြစ်သည်။
    မိသားစု
  • ကျွန်တော်သည်..................နှင့် အတူ ဂိမ်းကစားသည်။
    သူငယ်ချင်း
  • ကျွန်တော်သည် ကျောင်းသွားခါနီး လွယ်အိတ်ထဲသို့ ..............များကို သေချာစစ်၍ထည့်ပါသည်။
    စာအုပ်
  • ဖေဖေသည် မနက် ရုံးသို့ မသွားမီ .............စားပါသည်။
    မနက်စာ
  • ခွေးကလေးသည် .................သဖြင့် အစာမစားနိုင်ပါ။
    နေမကောင်း
  • မေမေသည်................. ထဲတွင် ဟင်းချက်နေသည်။
    မီးဖိုချောင်