Edit Game
Secondary III - Myanmarsar
 Delete

Use commas to add multiple tags

 Private  Unlisted  Public



 Save

Delimiter between question and answer:

Tips:

  • No column headers.
  • Each line maps to a question.
  • If the delimiter is used in a question, the question should be surrounded by double quotes: "My, question","My, answer"
  • The first answer in the multiple choice question must be the correct answer.






 Save   24  Close
မြင်စိုင်းရွှေပြည်ကဗျာကို မည်သည့်ခေတ်တွင် မည်သူရေးသနည်း။
ပင်းယခေတ် ၊ ငါးစီးရှင်ကျော်စွာ
မြင်စိုင်းရွှေပြည် ကဗျာအမျိုးအစား ---------------
ကာချင်း
"ပညာကိုရှေး၊ ဥစ္စာကိုနောက် ၊ အလျောက်ပေးကမ်း" ဟူသော ကဗျာ၏ ဆိုလိုရင်း --------------
ပညာရရာ ရကြောင်းကို ရှေးဦးပထမကြိုးစားပြီးမှ ဥစ္စာရရာကို ကြိုးစားပါ။ အထိုက်အလျောက် ပေးကမ်းပါ။
မြင်စိုင်းရွှေပြည် ဟူသည် မည်သည့်အလင်္ကာဖြစ်သနည်း။
ရူပကအလင်္ကာ
ကြံကို အဖျားက စ၍ စားခြင်းမှာ အဘယ်ကြောင့်ဟု ဘိုးရာဇာက ဆိုသနည်း။
ဗေဒင်ကျမ်းကို မှီ၍ တရွေ့ရွေ့ အရသာတိုး၍ တိုး၍ခံစားလိုသောကြောင့်
ခင်ပွန်းပစ် ဟူသောဝေါဟာရ၏ အဓိပ္ပာယ် -----------------
အဆွေခင်ပွန်းကို ပစ်ပယ်သူ
အရည်အချင်း ဟူသောဝေါဟာရ၏ အဓိပ္ပာယ် --------------
ပြုလုပ်ဆောင်ရွက်နိုင်သောစွမ်းရည်
ဩဝါဒမေတ္တာစာကဗျာအရ မည်သူတို့ကို ပေါင်းသင်းပြီး မည်သူတို့ကို အဖော်အဖက်ပြုရမည်နည်း။
ပညာရှိတို့ကို ပေါင်းသင်းပြီး သမားကောင်းတို့ကို အဖော်အဖက်ပြုရမည်။
ဩဝါဒမေတ္တာစာ ကဗျာ၏ အမျိုးအစားနှင့် ရေးဖွဲ့ခဲ့သော ခေတ် -------------
လေးလုံးစပ်လင်္ကာ ၊ အင်းဝခေတ်
ဩဝါဒမေတ္တာစာ ကဗျာကို ရေးဖွဲ့သူမှာ ---------------
ကန်တော်မင်းကျောင်းဆရာတော်
မွန်ပညာရှိနှင့် မြန်မာပညာရှိ စကားပြေ၏ ရည်ရွယ်ချက်
တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစား တန်ဖိုးထားအပ်သော ပညာရှိတို့၏ စိတ်ထားမြင့်မြတ်ပုံကို အားကျအတုယူတတ်စေရန်
မြင်စိုင်းပြည်ရှိ စေတီများသည် မည်သို့သော စေတီများဖြစ်သနည်း။
ဘုရားရှင်၏ ကိုယ်ခန္ဓာမှ ဖြစ်သော ဓာတ်တော် စွယ်တော်တို့ကို ဌာပနာတည်ထားသည့် စေတီ
မြင်စိုင်းပြည်၌ မိုးရာသီတွင် ------------- ပန်းပွင့်သည်။
ကင်ပုန်း
မြင်စိုင်းပြည်၌ နွေရာသီတွင် ------------ ပန်းပွင့်သည်။
သင်းခွေပန်း
မွန်ပညာရှိ သီဟပတေ့ပြောသော ဘုရားတရားတော်၏ အလိုမှာ ------------
ကွေးသောလက်မဆန့်ခင် ဆန့်သောလက် မကွေးခင်
တောင်လေရှုန်းရှုန်းသည် -------------- အလင်္ကာဖြစ်သည်။
မြည်သံစွဲ
ရှေးဘုရင်မင်းမြတ်တို့ဝင်လာလျှင် တီးခတ်ရသောစည် ------------
မြှောက်စည်
ပြာသိုလတွင် ပွင့်သော ရာသီပန်း --------------
ခွာညို
နုံနဲ့ ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ ---------
မခိုင်မခံ့ဖြစ်သည်။
သိမ်ဖျင်း ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ ------------
ညံ့ဖျင်းသော
မိမိအလုပ် ကောင်းခြင်း မကောင်းခြင်းကို ------------- အမှန်အတိုင်းသိနေပါသည်။
မိမိ၏ အတွင်းစိတ်က
လူတို့ကို သေးနုပ်သိမ်ဖျင်းရာသို့ ဆင်းစေသည့် အကြီးဆုံးသော အကြောင်းတစ်ခုမှာ --------------
အလုပ်ကို ပေါ့ပေါ့ဆဆ အပေါစားလုပ်ခြင်း၊
အလုပ်ဂုဏ်စကားပြေကို ----------- ခေတ်တွင် ရေးဖွဲ့ခဲ့သည်။
ကိုလိုနီခေတ်
အလုပ်ဂုဏ် စကားပြေကို ရေးဖွဲ့သူမှာ ------------
ပီမိုးနင်း