Edit Game
စကားဆက်
 Delete

Use commas to add multiple tags

 Private  Unlisted  Public



 Save

Delimiter between question and answer:

Tips:

  • No column headers.
  • Each line maps to a question.
  • If the delimiter is used in a question, the question should be surrounded by double quotes: "My, question","My, answer"
  • The first answer in the multiple choice question must be the correct answer.






 Save   25  Close
တစ်ခုပြီးတစ်ခုဆောင်ရွက်သောအခါ သုံးသည့်စကားဆက်
ထို့နောက် / အဲ့ဒီနောက်
တစ်ခုထက်မကဖော်ပြသောအခါ သုံးသည့် စကားဆက်
ဒါ့ပြင်/ ထို့ပြင်
တစ်ဆက်တည်းဖြစ်သောအခါ သုံးသည့်စကားဆက်
ထိုအခါ / အဲ့ဒီအခါ
စာကြောင်းတစ်ခုနှင့်တစ်ခု အဓိပ္ပာယ်ဆက်စပ်မှုရှိချင်သောအခါ သုံးသည့်စကားဆက်
ထို့ကြောင့်/ ဒါကြောင့်
ဆန့်ကျင်ဘက်ဖြစ်ကြောင်း ပြချင်သောအခါ သုံးသည့်စကားဆက်
ဒါပေမဲ့/ သို့သော်
အကြောင်းပြချက်ပေးချင်သောအခါ သုံးသည့်စကားဆက်
အဘယ်ကြောင့်ဆိုသော်/ ဘာဖြစ်လို့လဲဆိုတော့
မုန့်များကို စားလိုက်သည်။ _____ ဗိုက်တင်းသွားသည်။
ထို့ကြောင့်
ကျောင်းတက်ချိန်ရောက်ပြီ။  _____ ကျောင်းသားတွေစာသင်ခန်းထဲ ဝင်ကြတယ်။
အဲ့ဒီအခါ
မမသည် စာကျက်နေသည်။  _____ စာမေးပွဲရှိသောကြောင့်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်
ဆောင်းရာသီရောက်ပါပြီ။  _____ နှင်းတွေမကျပါ။
ဒါပေမဲ့
ညီမလေးက ပုံဆွဲတာတော်တယ်။  _____ ရေကူးတာလည်း တော်တယ်။
ဒါ့ပြင်
မိုးရုတ်တရက် ရွာချသည်။  _____ လှန်းထားသည့်အဝတ်များ ရေစိုကုန်သည်။
ထိုအခါ
ချောင်းသာကို အရင်သွားမယ်။  _____ ငွေဆောင်ကို ဆက်သွားမယ်။
အဲ့ဒီနောက်
မုန်တိုင်းတိုက်တယ်။  _____ အိမ်တွေ ပျက်စီးကုန်တယ်။
ဒါကြောင့်
ကျွန်တော်အိပ်ချင်တယ်။  _____ အိပ်မပျော်ဘူး။
ဒါပေမဲ့
ဆရာမသည် စိတ်ထားကောင်းသည်။  _____ စာသင်လည်း ကောင်းသည်။
ထို့ပြင်
မြမြပျော်နေတယ်။  _____ မွေးနေ့လက်ဆောင်ရလို့။
ဘာဖြစ်လို့လဲဆိုတော့
အမျိုးသားပြတိုက်သို့ သွားကြမည်။  _____ တိရစ္ဆာန်ဥယျာဉ်သို့ ဆက်သွားကြမည်။
ထို့နောက်
အဲ့ဒီနောက် = ?
ထို့နောက်
သို့သော် = ?
ဒါပေမဲ့
ထိုအခါ = ?
အဲ့ဒီအခါ
အဘယ်ကြောင့်ဆိုသော် = ?
ဘာဖြစ်လို့လဲဆိုတော့
ဒါကြောင့် = ?
ထို့ကြောင့်
အဲ့ဒီအခါ = ?
ထိုအခါ
ဒါ့ပြင် = ?
ထို့ပြင်