Game Preview

အသက်ရှူခြင်း ဖြစ� ...

  •  Burmese    21     Public
    Grade 4 Unit 2 Part 1 Respiration for kids (သိပ္ပံ)
  •   Study   Slideshow
  • အသက်ရှူသွင်းခြင်းဆိုသည်မှာ အဘယ်နည်း။
    ရင်ဝမ်းခြားကြွက်သားအောက်သို့ နိမ့်ကျသွားပြီး နှာခေါင်းမှ အောက်ဆီဂျင်ပါသောလေသည် လေပြွန်မှတစ်ဆင့် အဆုတ်အတွင်းသို့ ရောက်ရှိသောဖြစ်စဉ်ကို ခေါ်ပါသည်။
  •  15
  • အသက်ရှူထုတ်ခြင်းဆိုသည်မှာ အဘယ်နည်း။
    ရင်ဝမ်းခြားကြွက်သားအပေါ်သို့ မြင့်တက်သွားပြီးအဆုတ်မှကာဗွန်ဒိုင်အောက်ဆိုဒ်ပါသောလေသည် လေပြွန်မှတစ်ဆင့်နှာခေါင်းမှအပြင်သို့ ရောက်ရှိသောဖြစ်စဉ်ကို ခေါ်ပါသည်။
  •  10
  • အသက်ရှူခြင်းကို အဓိကလုပ်ဆောင်ပေးသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ဖော်ပြပါ။
    အဆုတ်
  •  15
  • အသက်ရှူခြင်းကို ကူညီပေးသော အဓိက ကြွက်သားကို ဖော်ပြပါ။
    ရင်ဝမ်းခြားကြွက်သား
  •  15
  • ရင်ဝမ်းခြားကြွက်သား အပေါ်သို့မြင့်တက်ချိန်တွင် အဆုတ်သည် မည့်ကဲ့သို့ ဖြစ်သွားသနည်း။
    အဆုတ်အတွင်းမှ လေများပြန်ထွက်သွားပြီး ပိန်သွားပါသည်။
  •  15
  • ရင်ဝမ်းခြားကြွက်သား အောက်သို့နိမ့်ကျချိန်တွင် အဆုတ်သည် မည့်ကဲ့သို့ ဖြစ်သွားသနည်း။
    အဆုတ်အတွင်းသို့ လေများဝင်ရောက်လာပြီး ဖောင်းသွားပါသည်။
  •  15
  • ရင်ဝမ်းခြားကြွက်သား အောက်သို့နိမ့်ကျချိန်တွင် မည်သည့်အသက်ရှူခြင်း ဖြစ်ပေါ်သနည်း။
    အသက်ရှူသွင်းခြင်း
  •  15
  • ရင်ဝမ်းခြားကြွက်သား အပေါ်သို့မြင့်တက်ချိန်တွင် မည်သည့်အသက်ရှူခြင်း ဖြစ်ပေါ်သနည်း။
    အသက်ရှူထုတ်ခြင်း
  •  15
  • အဆုတ်၏ တည်နေရာကို ဖော်ပြပါ။
    အဆုတ်သည် ခန္ဓာကိုယ်၏ ရင်ခေါင်းပိုင်းတွင် တည်ရှိပြီး နံရိုးများဖြင့် ကာရံလျက်ရှိသည်။
  •  15
  • အသက်ရှူခြင်း ဆိုသည်မှာ အဘယ်နည်း။
    အသက်ရှူခြင်းဆိုသည်မှာ ပြင်ပမှ အောက်ဆီဂျင်ဓာတ်ငွေ့ပါသောလေကို ရှူသွင်းပြီး ခန္ဓာကိုယ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပါသောလေကို ပြန်လည်ရှူထုတ်ခြင်းဖြစ်ပါသည်။
  •  15
  • ပုံတွင် အညွှန်းစာ ရေးပါ။
    ၁။ နှာခေါင်း ၂။ လေပြွန် ၃။ အဆုတ် ၄။ ရင်ဝမ်းခြားကြွက်သား
  •  15
  • ပုံတွင် အညွှန်းစာ ရေးပါ။
    ၁။ နှာခေါင်း ၂။ လေပြွန် ၃။ အဆုတ် ၄။ ရင်ဝမ်းခြားကြွက်သား
  •  15
  • အသက်ရှူခြင်းလုပ်ဆောင်ရာတွင် အဆုတ်လှုပ်ရှားနိုင်ရန် တခြားအင်္ဂါများက မည်သို့ကူညီဆောင်ရွက်ပေးကြသနည်း။
    အသက်ရှူခြင်းလုပ်ဆောင်ရာတွင် အဆုတ်လှုပ်ရှားနိုင်ရန် ရင်ဝမ်းခြား ကြွက်သားနှင့် နံရိုးကြားကြွက်သားများက ဦးနှောက်၏ လှုံဆော်မှုအရ ကူညီဆောင်ရွက်ပေးပါသည်။
  •  15
  • ပုံအညွှန်းစာကို ဗမာဘာသာပြန်ပြပါ။
    နှာခေါင်း၊ ပါးစပ်၊ လေပြွန်၊ အဆုတ်များ၊ ရင်ဝမ်းခြားကြွက်သား
  •  15
  • ပုံတွင် အဆုတ်နှင့် အဆုတ်ပုံစံတူ၏ တူညီသောအစိတ်အပိုင်းများကို နှိုင်းယှဉ်ပြီး အညွှန်းစာ ရေးပါ။
    ၁။ လေပြွန် ၂။ အဆုတ် ၃။ ရင်ဝမ်းခြားကြွက်သား
  •  15
  • ဤပုံသည် ရှူသွင်းခြင်း (သို့) ရှူထုတ်ခြင်း ဖြစ်သည်ကို ဖြေပါ။
    ရှူသွင်းခြင်း
  •  15