Game Preview

ပြန်လည်သင်ကြားခြ ...

  •  Burmese    8     Public
    မေးခွန်းများ
  •   Study   Slideshow
  • သက်ရှိလက်ခံကောင်ရှိမှသာ ရှင်သန်ပွားများစေနိုင်သော အဏုဇီဝတစ်မျိုးကို ဖော်ပြပါ။
    ဗိုင်းရပ်စ်
  •  10
  • အဏုဇီဝသက်ရှိအုပ်စု ၄ မျိုးကို ဖော်ပြပါ။
    ဘက်တီးရီးယား၊ ပရိုတိုဇွ ၊ မှို ၊ စိမ်းပြာရေညှိ
  •  10
  • အပင်ဆဲလ်နှင့် သတ္တဝါဆဲလ်တို့၏ ဖွဲ့စည်းပုံတွင် အဓိကမတူသောအရာကို ဖော်ပြပါ။
    အပင်ဆဲလ်တွင် ကလိုရိုပလတ်ပါရှိသည့်အတွက် ကိုယ်တိုင်အလင်းမှီအစာဖွဲ့စည်းနိုင်သည်
  •  15
  • အပင်ဆဲလ်တွင် ဆဲလ်နံရံကို မည်သည့်ဒြပ်ပေါင်းဖြင့် ဖွဲ့စည်းထားသနည်း။
    ဆဲလ်လူးလို့စ်ဖြင့် ဖွဲ့စည်းထားသည်။
  •  15
  • အပင်၏အင်္ဂါအဖွဲ့အစည်းများတွင် မည်သည့်အင်္ဂါများ ပါဝင်သနည်း။
    မြေအောက်အင်္ဂါအဖွဲ့အစည်း၊မြေပေါ်အင်္ဂါအဖွဲ့အစည်း
  •  15
  • အစိမ်းရောင်အပင်များသည် မည်သည့်ဖြစ်စဉ်၌ ရေကိုအသုံးပြုသနည်း။
    အလင်းမှီစုအစာဖွဲ့စည်းခြင်း
  •  15
  • အမြစ်များသည် ရေကိုမည်သည့်နေရာဆီသို့ သယ်ယူပို့ဆောင်သနည်း။
    မြေပေါ်အင်္ဂါအဖွဲ့အစည်းများဆီသို့
  •  15
  • အပင်၏မည်သည့်အင်္ဂါများတွင် ရေအမြောက်အမြားသိုလှောင်ထားကြသနည်း။
    အပင်၏ရှင်သန်ကြီးထွားနေသော နုနယ်သည့်ပင်စည်များ ၊ ပန်းပွင့် နှင့် အသီးများ
  •  20