Game Preview

Myanmarsar Quiz

  •  Burmese    24     Public
    မေးခွန်းများကို ဖြေပါ။
  •   Study   Slideshow
  • အရေး၏ အဓိပ္ပာယ်မှာ ------------- ဖြစ်သည်။
    ပြုဖွယ်အလုပ်
  •  5
  • လုဆဲ ၏ အဓိပ္ပာယ်မှာ -------------- ဖြစ်သည်။
    နီးကပ်နေသော အချိန်ကာလ
  •  5
  • စပါး ၊ ပဲ ၊ ပြောင်း စသော သီးနှံမျိုးစုံကို ------------- ဟုခေါ်သည်။
    ကောက်ပဲသီးနှံ
  •  10
  • ကျွေးမွေး၏ အဓိပ္ပာယ်မှာ -------------- ဖြစ်သည်
    စားဝတ်နေရေးအတွက် ကြည့်ရှုစောင့်ရှောက်သည်။
  •  10
  • ကာကွယ်၏ အဓိပ္ပာယ်မှာ ------------- ဖြစ်သည်။
    ဆီးတားပိတ်ပင်သည်။ လုံခြုံစေသည်။
  •  15
  • ခွစီး ၏ အဓိပ္ပာယ်မှာ -------------- ဖြစ်သည်။
    တာဝန်ကျရောက်သည်။
  •  15
  • အစတုံး ၏ အဓိပ္ပာယ်မှာ ------------------- ဖြစ်သည်။
    ပြီးပြတ်သည် ။ ပျက်သွားသည်။
  •  15
  • နှစ်ပရိစ္ဆေဒ ၏ အဓိပ္ပာယ်မှာ ----------- ဖြစ်သည်။
    နှစ်ကာလအပိုင်းအခြား
  •  15
  • အများနှင့် သက်ဆိုင်သော အရာကို ------------ ဟုခေါ်သည်။
    ဘုံ
  •  10
  • သတ္တဝါများ နေထိုင်ရာ တောတောင် ရေမြေကို ------------ ဟုခေါ်သည်။
    ကမ္ဘာ
  •  5
  • ပြုစု ၏ အဓိပ္ပာယ်မှာ ------------- ဖြစ်သည်။
    ယုယုယယ ကူညီစောင့်ရှောက်သည်။
  •  15
  • ဝန်လေး ၏ အဓိပ္ပာယ်မှာ ------------------ ဖြစ်သည်။
    ထမ်းဆောင်ရမည့်တာဝန် ကြီးမား ခက်ခဲသည်။
  •  10
  • သစ်ပင်တို့၏ ပင်စည်သည် တစ်နှစ်လျှင် ------------- တိုးသည်ဟု သိပ္ပံပညာရှင်တို့က ဆုံးဖြတ်ခဲ့သည်။
    တစ်ရစ်
  •  10
  • အခွံ ၏အဓိပ္ပာယ်မှာ ---------------- ဖြစ်သည်။
    သစ်ပင် သစ်သီး စသည်တွင် ပြင်ပမှ ဖုံးအုပ်ထားသော အလွှာ။
  •  15
  • သစ်ပင်၏ ကိုယ်ထည်ကို ----------- ဟုခေါ်သည်။
    ပင်စည်
  •  5
  • ရုပ်ကြွင်း ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ --------- ဖြစ်သည်။
    သေပြီးနောက် ကျန်ရစ်ခဲ့သော ရုပ်ကလာပ်၊ သေပြီးနောက် ရှည်ကြာစွာ တည်ရှိသော ရုပ်အစုအဝေး။
  •  15